(၂၅-၅-၂၀၂၄ ရက်၊ ဘန်ဒါဆရီဘီဂါဝန်)
ဘရူနိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဦးစီးကျင်းပသည့် Raya Aidilfitri Celebration အခမ်းအနားအား ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ International Convention Centre (ICC)၌ ၂၅-၅-၂၀၂၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံရုံး၊ ဘန်ဒါဆရီဘီဂါဝန်မြို့မှ သံရုံးယာယီတာဝန်ခံနှင့် သံရုံးဝန်ထမ်းများမှ မြန်မာ့ရိုးရာအစားအသောက်များဖြစ်သည့် ထမနဲ၊ ကောက်ညှင်းပေါင်း၊ မန္တလေးပဲကြော်စသည်တို့ဖြင့် တည်ခင်း၍ ပါဝင်ဆင်နွှဲခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ အထူးဧည့်သည်တော်အဖြစ် Her Royal Highness Princess Hajah Masna, Ambassador-At-Large, Ministry of Foreign Affairs and Yang Amat Mulia Pengiran Lela Cheteria Sahibun Najabah Pengiran Anak Haji Abdul Aziz Bin Pengiran Jaya Negara Pengiran Haji Abu Bakar မှ ပါဝင်တက်ရောက်ခဲ့ပြီး၊ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး(၂) The Honourable Dato Seri Setia Haji Erywan bin Pehin Datu Pekerma Jaya Haji Mohd. Yusof နှင့် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်၎င်းတို့၏မိသားစုများ၊ ဘန်ဒါဆရီဘီဂါဝန်မြို့အခြေစိုက်သံရုံးများမှ သံအမတ် ကြီးများ၊ သံရုံးအကြီးအကဲများနှင့် သံတမန်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်း အနားတွင် သံရုံး(၂၁)ရုံးမှ ၎င်းတို့နိုင်ငံ၏ ထင်ရှားသည့် ရိုးရာအစားအသောက်များဖြင့် အသီးသီးတည်ခင်း၍ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရှိရပါသည်။
**********************************



