(၂၄-၅-၂၀၂၄ ရက်၊ မင့်စ်)
မင့်စ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးမိုးကျော်သူသည် ဂိုလ်မဲလ်မြို့တွင် ၂၄-၅-၂၀၂၄ ရက်၌ ကျင်းပခဲ့သည့် (၂၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာစီးပွားရေး ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
မြန်မာကောင်စစ်ဝန်ချုပ်သည် ၂၃-၅-၂၀၂၄ ရက်တွင် ဘယ်လာရုစ်ကုန်သည်ကြီးများအသင်းက ကျင်းပသည့် ဆွေးနွေးပွဲသို့ (၁၂) နိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
***********************************************


