မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဆီလန်ဂေါပြည်နယ်အစိုးရမှ ဖိတ်ကြားသည့် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားသို့ တက်ရောက်

(၂၆-၅-၂၀၂၃ ရက်၊ ကွာလာလမ်ပူ)

မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့၊ သံအမတ်ကြီး ဦးအောင်စိုးဝင်းသည် ၂၆-၅-၂၀၂၄ ရက်တွင် မလေးရှားနိုင်ငံ၊ ဆီလန်ဂေါပြည်နယ်၊ Petaling Jaya ၌ ကျင်းပသည့် အဘိဓမ္မာအခါတော်နေ့ (Wesak Day Celebration) အခမ်းအနားသို့ ဆီလန်ဂေါပြည်နယ်အစိုးရ၏ ဖိတ်ကြားချက်ဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။

အခမ်းအနားသို့ မလေးရှားနိုင်ငံတွင် သာသနာပြုနေသည့် ဘုန်းတော်ကြီးများ၊ ဗုဒ္ဒဘာသာကိုးကွယ်သည့်နိုင်ငံများမှ သံတမန်များ၊ မလေးရှားနိုင်ငံရောက် ဗုဒ္ဓဘာသာဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

*************************************