(၂၆-၅-၂၀၂၄၊ ဘရပ်ဆဲလ်)
ကဆုန်လပြည့်၊ ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် ဘယ်လ်ဂျီယံနိုင်ငံနှင့် အီးယူဆိုင်ရာ မြန်မာသံရုံး၊ ထိုင်းသံရုံးနှင့် သီရိလင်္ကာသံရုံးတို့ ပူးပေါင်းစီစဉ်သည့် “Buddhist Wisdom for Inner Peace” အမည်ရှိ ဓမ္မပူဇာပွဲတစ်ရပ်ကို ၂၆-၅-၂၀၂၄ ရက်တွင် ဘရပ်ဆဲလ်မြို့ရှိ ထိုင်းသံအမတ်ကြီး နေအိမ်၌ ကျင်းပခဲ့ပြီး သက်ဆိုင်ရာ သံရုံးအသီးသီးမှ သံအမတ်ကြီးများ၊ သံရုံးမိသားစုဝင်များနှင့် ဘယ်လ်ဂျီယံနှင့် အီးယူမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါဓမ္မပူဇာပွဲသည် ဘရပ်ဆဲလ်မြို့အခြေစိုက် ထေရဝါဒဗုဒ္ဓဘာသာဝင်နိုင်ငံများမှ သံရုံးများက ဘယ်လ်ဂျီယံနိုင်ငံတွင် ထေရဝါဒဗုဒ္ဓဘာသာ ရှင်သန်ပြန့်ပွားရေးအတွက် ပူးပေါင်း ဆောင်ရွက်သည့် ကနဦးလှုပ်ရှားမှုတစ်ခု ဖြစ်ပါသည်။ ဓမ္မပူဇာပွဲတွင် ဘယ်လ်ဂျီယံနိုင်ငံသို့ ခေတ္တသီတင်းသုံးရောက်ရှိနေသည့် International Forest Monastery of Thailand (Wat Pah Nanachat) မှ ဆရာတော် Ajaan Chandako က ရှုပ်ထွေးလှသည့် မျက်မှောက်ခေတ်သစ်တွင် ဗုဒ္ဓနည်းကျ ဘဝနေနည်း တရားတော်များအား ဟောကြားခဲ့ပြီး တက်ရောက်လာသည့် ဧည့်သည်တော်များအား ကမ္မဋ္ဌာန်း တရားရှုနည်း ပြသခြင်း၊ ဗုဒ္ဓတရားတော်များနှင့် ပတ်သက်၍ ဧည့်သည်တော်များထံမှ သိလိုသည်များကို ဖြေကြားခြင်းဖြင့် ဓမ္မပူဇာပွဲအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
*******************************



