လော့စ်အိန်ဂျယ်လိစ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဝင်းလဲ့ဖြူသည် ဖိလစ်ပိုင်-အမေရိကန် ကုန်သည်ကြီးများအသင်းကကြီးမှူး၍ ၇-၈-၂၀၂၆ ရက်မှ ၈-၈-၂၀၂၆ ရက်အထိ ကယ်လီဖိုးနီးယားပြည်နယ်၊ တောရန့်စ်မြို့၊ Marriott Redondo Beach ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အာရှ-အမေရိကန် စီးပွားရေးပြပွဲ၏ ဖွင့်ပွဲအခမ်းအနားနှင့် စကားဝိုင်းဆွေးနွေးပွဲသို့ ၇-၈-၂၀၂၆ ရက်တွင် ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ဖိလစ်ပိုင်-အမေရိကန် ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ Gerry Palon က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။ မြန်မာကောင်စစ်ဝန်ချုပ်က ဖိလစ်ပိုင်ကောင်စစ်ဝန်ချုပ်၊ အိန္ဒိယကောင်စစ်ဝန်ချုပ်၊ သီရိလင်္ကာကောင်စစ်ဝန်ချုပ်တို့နှင့်အတူ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်နိုင်မှု အလားအလာများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။ အဆိုပါပြပွဲသို့ အာရှနှင့် အမေရိကန်ကုမ္ပဏီများမှ ပြခန်းပေါင်း (၃၀) ကျော် လာရောက်ပြသခဲ့ကြပြီး ဧည့်ပရိတ်သတ် (၃၀၀) ကျော် ပါဝင်တက်ရောက်ခဲ့ပါသည်။



