မြန်မာသံရုံး၊ အော်စလိုမြို့ သံရုံးယာယီတာဝန်ခံ ဒေါ်ယဉ်ပိုမြတ် ဦးဆောင်သည့် သံရုံး ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ဒေသခန့်ဝန်ထမ်းများသည် နော်ဝေနိုင်ငံ၊ အော်စလိုမြို့အခြေစိုက် ထိုင်းသံရုံး၌ ၇-၈-၂၀၂၆ ရက်၊ သောကြာနေ့၊ ၁၅၀၀ နာရီမှ ၁၇၀၀ နာရီအထိ ကျင်းပသည့် အာဆီယံတည်ထောင်ခြင်း ၅၉ နှစ်မြောက် နှစ်ပတ်လည်နေ့ (ASEAN Day 2026) အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ အော်စလိုမြို့အခြေစိုက် သံရုံးများမှ သံရုံးအကြီးအကဲများ၊ နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နော်ဝေလွှတ်တော်မှ တာဝန်ရှိသူများ၊ အာဆီယံသံရုံးများမှ ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ဒေသခန့်ဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ကြသည်။


