ကောင်းမွန်သည့် နိုင်ငံရေးလမ်းကြောင်းကို ဆောင်ရွက်နေချိန်တွင် နိုင်ငံတော်အတွက် ခိုင်ခိုင်မာမာဖြင့် တာဝန်ထမ်းဆောင်လိုသည့်စိတ်၊ မိမိတို့နိုင်ငံကိုထိလျှင် မြန်မာဆိုသည့်စိတ်ဖြင့် ကာကွယ်လိုစိတ်၊ နိုင်ငံအတွက်ကောင်းမွန်စေလိုသည့် စေတနာစိတ်များဖြင့် နိုင်ငံ့တာဝန်များကို ကျေပွန်စွာဖြင့် ထမ်းဆောင်ကြစေလိုကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း မိမိတို့နိုင်ငံ၏ ဖြစ်စဉ်ဖြစ်ရပ်မှန်နှင့် သမိုင်းမှန်များကို သိရှိအောင်ဆောင်ရွက်ကြပြီး မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းများနှင့် အခြေအနေမှန်များကို မသိရှိသည့် နိုင်ငံတကာမှ ကျောင်းသားများအား သိရှိအောင်ဆောင်ရွက်ကြရန်လိုကြောင်း အမှာစကားပြောကြားသည်။
***********
#Reference:PPIB





