(၇-၉-၂၀၂၁ ရက်၊ ပရီတိုးရီးယား)
တောင်အာဖရိကသမ္မတနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးမြင့်ဆွေသည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် Asia Group ၏ ဘဏ္ဍာရေးမှူးတာဝန်နှင့် ဝတ္တရားများအား ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီး H. E. Mr. Tumysh Kanat K ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး Asia Group ၏ ဥက္ကဋ္ဌတာဝန်ကို စတင်ထမ်းဆောင်ခဲ့ကြောင်း သိရှိရပါသည်။



