ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး (၇-၁၂-၂၀၂၃ ရက်)

(၇-၁၂-၂၀၂၃ ရက်၊ ကူဝိတ်)

ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချမ်းအေးသည် ၇-၁၂-၂၀၂၃ ရက်နေ့၊ (၁၁:၃၀) နာရီတွင် ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာနသို့သွားရောက်ကာ နိုင်ငံခြားရေးဝန်ကြီး Sheikh Salem Abdullah Al-Jaber Al-Sabah နှင့်တွေ့ဆုံ၍ သံအမတ်ကြီးခန့်အပ်လွှာမိတ္တူအား ပေးအပ်ခဲ့ပါသည်။

မြန်မာသံအမတ်ကြီးက ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်ဆောင်ရွက်ရေး၊ နိုင်ငံအကြီးအကဲ၊ အစိုးရအကြီးအကဲ၊ ဝန်ကြီးအဆင့်နှင့် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနတို့အကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရေးအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးကိစ္စများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။