မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ဦးစိုးကိုကိုသည်(၁-၁၂-၂၀၂၃) ရက်နေ့ တွင် Selangor ပြည်နယ်ရှိ Sungai Bulohအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် မြန်မာနိုင်ငံသား(၃) ဦးအားလည်းကောင်း၊ (၄-၁၂-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် Perak ပြည်နယ် Taiping အကျဉ်းထောင်မှ မြန်မာနိုင်ငံသား(၁)ဦးအားလည်းကောင်း သွားရောက်တွေ့ဆုံခဲ့ပြီး၊ အမှုအယူခံဝင်နိုင်မှုအခြေအနေနှင့် လိုအပ်သည်များ ပံ့ပိုးကူညီပေးခဲ့ပါသည်။ အကျဉ်းထောင်မှ တာဝန်ရှိသူများနှင့်လည်းတွေ့ဆုံ၍မြန်မာနိုင်ငံသားများအား စောင့်ရှောက်ပေးရေးနှင့် အယူခံဝင်နိုင်ရေးအတွက် ကူညီပေးပါရန် မေတ္တာရပ်ခံခဲ့ပါသည်။
ထို့အပြင် သံအမတ်ဦးစိုးကိုကိုသည် (၄-၁၂-၂၀၂၃) ရက်နေ့၊မွန်းလွဲနေ့ပိုင်း တွင် Penang ပြည်နယ်ရှိ Joru ထိန်းသိမ်းရေးစခန်းမှ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား(၅၁) ဦးအားမြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက်တွေ့ဆုံ၍ ကောင်စစ်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။




