(၉-၁၂-၂၀၂၅ ရက်၊ အော်တာဝါ)
ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် ကနေဒါနိုင်ငံဆိုင်ရာ ရိုမေးနီးယားသံအမတ်ကြီး H.E. Mr. Bogdan Manoiu နှင့် ဇနီး Mrs. Alina Manoiu တို့၏ ဖိတ်ကြားချက်အရ ၈-၁၂-၂၀၂၅ ရက်တွင် အော်တာဝါမြို့ရှိ Rideau Club ၌ ကျင်းပသော ရိုမေးနီးယားနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ ပါဝင် တက်ရောက်ခဲ့ပါသည်။
အဆိုပါဧည့်ခံပွဲသို့ ဝန်ကြီးချုပ်၏ အတိုင်ပင်ခံကောင်စီအဖွဲ့ဝင်၊ လွှတ်တော်အမတ်နှင့် လွှတ်တော်အတွင်း နိုင်ငံတကာရေးရာနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဖြစ်သူ H.E. Ahmed Hussen နှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီး၏ လွှတ်တော်အတွင်းဝန် H.E. Mr. Rob Oilphant တို့က အဓိကဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး ကနေဒါနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ၊ အော်တာဝါမြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံး အကြီးအကဲများ၊ သံတမန်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြ ကြောင်း သိရှိရပါသည်။

