(၉-၁၂-၂၀၂၅ ရက်၊ ဆိုးလ်)
မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၉-၁၂-၂၀၂၅ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. DAI Bing အား ၎င်း၏သံရုံး၌ သွားရောက် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။
တွေ့ဆုံစဉ် မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးက နှစ်နိုင်ငံအကြား သမိုင်းအစဉ် အလာကောင်းသည့် ခိုင်မာသောချစ်ကြည်ရင်းနှီးမှုများဖြင့် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက် ဆက်ဆံရေး၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို လုပ်ဆောင်လျှက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ One China မူဝါဒကို မြန်မာနိုင်ငံမှ အစဉ်အမြဲထောက်ခံလျှက်ရှိကြောင်းနှင့် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံ အပေါ် အိမ်နီးချင်းကောင်းပီသစွာရပ်တည်ဆောင်ရွက်နေမှုများကို အသိအမှတ်ပြု ကျေးဇူးတင်ရှိ ကြောင်စသည်ဖြင့်ပြောကြားခဲ့ပါသည်။
တရုတ်သံအမတ်ကြီးကလည်း မြန်မာနိုင်ငံနှင့် အိမ်နီးချင်းဖြစ်မှုနှင့် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးတည်ထောင်မှု (၇၅)နှစ်မြောက် စိန်ရတုတိုင်ခဲ့ပြီဖြစ်သည့်အပြင် သမိုင်း ကြောင်းရှည်ကြာစွာဖြစ်တည်လာခဲ့သည့် ချစ်ကြည်ရင်းနှီးမှုများကို တန်ဖိုးထားပါကြောင်း၊ ကျင်းပ ပြုလုပ်မည့် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကိုလည်း ကြိုဆိုပါကြောင်းနှင့် တရုတ်နိုင်ငံ၏ One China မူဝါဒကို မြန်မာနိုင်ငံမှ အလေးအနက်ထားသည့်အတွက် ကျေးဇူးတင်ရှိကြောင်း စသည် ဖြင့် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

