(၂၇-၃-၂၀၂၃ ရက်၊ ကွာလာလမ်ပူ)
မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့ နှင့် မြန်မာစစ်သံ (ကြည်း၊ရေ၊လေ)ရုံး၊ ကွာလာလမ်ပူမြို့တို့ ပူးပေါင်း၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့၊ (၁၉၀၀) နာရီမှ (၂၂၀၀) နာရီအထိ ကွာလာလမ်ပူမြို့ရှိ JW Marriott Hotel ၌ ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မလေးရှားနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား Major General Date’ MohdRazali bin Alias, Deputy Director-General, Malaysia Defence Intelligence Organization က အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး၊ မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ သံရုံးယာယီတာဝန်ခံ သံအမတ် ဦးမြင့်ထွန်း၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ရုံးမှ စစ်သံမှူး ဗိုလ်မှူးချုပ် နိုင်ဦးနှင့် ဇနီး၊ မြန်မာသံရုံးနှင့် မြန်မာစစ်သံရုံးမှ ဝန်ထမ်းများနှင့်မိသားစုများ၊ ကွာလာလမ်ပူမြို ASEANAPOL ရုံးမှ ရဲမှူးချုပ် ဇော်လင်းထွန်း (Executive Director) နှင့်ဇနီး၊ မလေးရှားနိုင်ငံ တပ်မတော်မှ Brigadier General Saharudin bin Harun, 92 Military Inteligence Special Branch နှင့် အရာရှိများ၊ မလေးရှားအခြေစိုက် နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများနှင့် နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများ၊ မလေးရှားနိုင်ငံရှိ မြန်မာတပ်မတော်မှ အငြိမ်းစား အရာရှိများ၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဖိတ်ကြားထားသော မြန်မာမိတ်ဆွေများနှင့် မလေးရှားနိုင်ငံသား ဧည့်သည်တော်များ ( ၂၅၀ ) ခန့် တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာစစ်သံ (ကြည်း၊ရေ၊လေ)ရုံး၊ စစ်သံမှူး ဗိုလ်မှူးချုပ် နိုင်ဦးမှ မိန့်ခွန်းပြောကြားခဲ့ပြီး၊ အစားအသောက်များဖြင့် တည်ခင်းဧည့်ခံ၍ မြန်မာ့ယဉ်ကျေးမှုအကများ၊ မြန်မာ့ စောင်းတီးခတ်မှုများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြောင်း သိရှိရပါသည်။




