အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအေးမင်းထွေးမှ နယူးဒေလီမြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများအား နှုတ်ခွန်းဆက်တွေ့ဆုံ

(၂၂-၁၀-၂၀၂၆၊ နယူးဒေလီ)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအေးမင်းထွေးသည် နယူးဒေလီမြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများဖြစ်သည့် လာအိုသံအမတ်ကြီး H.E. Vithaya Xayavong၊ ဗီယက်နမ်သံအမတ်ကြီး H.E. Trinh Minh Manh နှင့် ထိုင်းသံအမတ်ကြီး H.E. Chavanart Thangsumphant တို့ကို ၂၂-၁၀-၂၀၂၆ ရက်တွင် သီးခြားစီ သွားရောက်နှုတ်ခွန်းဆက် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် အာဆီယံသံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။