(၂၃-၁၀-၂၀၂၆၊ ဟောင်ကောင်)
၂၀၂၆ ခုနှစ်၊ အာဆီယံမိသားစုနေ့ ချစ်ကြည်ရေး ဘိုးလင်းအားကစားပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်၊ ၁၄၀၀ နာရီတွင် ဟောင်ကောင်မြို့ရှိ South China Athletic Association (SCAA)၊ Causeway Bay ၌ ဖိလစ်ပိုင်ကောင်စစ်ဝန်ချုပ်ရုံးက ဦးဆောင်စီစဉ်ကျင်းပခဲ့ရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။
အဆိုပါ ချစ်ကြည်ရေး ဘိုးလင်းအားကစားပြိုင်ပွဲမစတင်မီ လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သော ဖိလစ်ပိုင်နိုင်ငံ၏ ကောင်စစ်ဝန်ချုပ် Mr. Romulo Victor M. Israel, Jr. နှင့် ဟောင်ကောင်ဒေသရှိ အာဆီယံကောင်စစ်ဝန်ချုပ်များ၏ နာယက မလေးရှားကောင်စစ်ဝန်ချုပ် Mr. Muzambli Markam တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြပြီး ပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် အာဆီယံမိသားစုဝင်များနှင့် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။ ထို့နောက် အာဆီယံအဖွဲ့ဝင်နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များသည် ဘိုးလင်းဘောလုံးများကို ပစ်လှိမ့်၍ ပြိုင်ပွဲကို စတင်ဖွင့်လှစ်ပေးခဲ့ပြီး၊ သက်ဆိုင်ရာအသင်းများအလိုက် ကစားသမားများက ဆက်လက်ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။


