သံအမတ်ကြီး ဦးမင်းသိမ်း အာရပ်စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ ကူဝိတ်ရန်ပုံငွေအဖွဲ့ (KFAED) ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် တွေ့ဆုံ

(၂၉-၁၀-၂၀၂၆၊ ကူဝိတ်)

​ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် အာရပ်စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ ကူဝိတ်ရန်ပုံငွေအဖွဲ့ (Kuwait Fund for Arab Economic Development-KFAED) ခေတ္တညွှန်ကြားရေးမှူးချုပ် Mr. Rashaid Ali AL-Bader အား ၂၉-၁၀-၂၀၂၆ ရက် ၁၀:၀၀ နာရီတွင် ကူဝိတ်မြို့ KFAED ရုံး၌ သွားရောက်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် KFAED ခေတ္တညွှန်ကြားရေးမှူးချုပ်က ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ကူညီပံ့ပိုးနေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ KFAED က မြန်မာနိုင်ငံရှိ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ကူညီပံ့ပိုးပေးနိုင်မည့် အခွင့်အလမ်းများအပေါ် နှစ်ဘက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။