သံအမတ်ကြီး ဦးမင်းသိမ်း ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးထံ ခန့်အပ်လွှာမိတ္တူပေးအပ် (၂၇-၇-၂၀၂၆၊ ကူဝိတ်)

​ကူဝိတ်နိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးမင်းသိမ်း သည် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်၊ နံနက် ၁၀၃၀ နာရီတွင် ကူဝိတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး His Excellency Sheikh Jarrah Jaber Al-Ahmad Al-Sabah ထံ သွားရောက်ဂါရဝတွေ့ဆုံ၍ ၎င်း၏ သံအမတ်ခန့်အပ်လွှာမိတ္တူကို ပေးအပ်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာ-ကူဝိတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲဆက်ဆံရေးတိုးမြှင့်ရေးကိစ္စ၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။