မြန်မာ့တောင်ပင်လယ်ပုလဲများ တင်ဒါစနစ်ဖြင့် ရောင်းချပွဲ အခမ်းအနားသို့ ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်တက်ရောက်

(၂၆-၂-၂၀၂၆ရက်၊ဟောင်ကောင်) မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဖူးပွင့်ကိုကိုသည် ၂၆-၂-၂၀၂၆ ရက်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းမှ ဟောင်ကောင်ဒေသတွင် စီစဉ်ကျင်းပသည့် မြန်မာ့တောင်ပင်လယ်ပုလဲများ တင်ဒါစနစ်ဖြင့် ရောင်းချပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ အဆိုပါ မြန်မာ့တောင်ပင်လယ်ပုလဲများ တင်ဒါစနစ်ဖြင့် ရောင်းချပွဲကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်မှ မတ်လ ၁ ရက်အထိ ဟောင်ကောင်ဒေသရှိ Harbour Plaza Metropolis ၌ ကျင်းပပြုလုပ်လျက် ရှိပါသည်။