မြန်မာသံရုံး၊ ဂျကာတာမြို့၊ သံအမတ်/ သံရုံးယာယီတာဝန်ခံ၊ ဦးမန်ဟောက်ထန် က ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ထည့်ဝင်ငွေအား လက်ခံဆောင်ရွက်ခဲ့ခြင်း (၇-၅-၂၀၂၅ ရက်)

(၇-၅-၂၀၂၅ ရက် ဂျကာတာ)

မြန်မာသံရုံး၊ ဂျကာတာမြို့၊ သံအမတ်/ သံရုံးယာယီတာဝန်ခံ ဦးမန်ဟောက်ထန်သည် ဂျကာတာမြို့ရှိ Yayasan Dhammasukha Indonesia အသင်းမှ ၂၈-၃-၂၀၂၅ ရက်တွင် မြန်မာနိုင်ငံ၌ လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်အပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အထောက်အပံ့ ဖြစ်စေရန် လှူဒါန်းငွေ ရူပြား ၆၇,၁၀၀,၀၀၀ (သိန်းခြောက်ရာ့ခုနှစ်ဆယ့်တစ်သိန်း တိတိ) ကို ဝမ်းမြောက်စွာ လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ပါသည်။ အဆိုပါ ထည့်ဝင်ငွေများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် သက်ဆိုင်ရာသို့ ဆက်သွယ်ပေးပို့မည် ဖြစ်ကြောင်း သိရှိရပါသည်။