(ကွာလာလမ်ပူမြို့၊ မြန်မာသံရုံး၊ ၁၈−၇−၂၀၂၅ ရက်)
ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/မြန်မာသံအမတ် ကြီးသည် ၁၈−၇−၂၀၂၅ ရက်၊ နံနက် ၉:၃၀၀ နာရီတွင် ပူထရာဂျာယာမြို့အခြေစိုက် ဘရူနိုင်းနိုင်ငံသံရုံးမှ သံအမတ်ကြီးဖြစ်သူ H.E. Dato’ Mahmud Saidin အား သွားရောက်တွေ့ဆုံနှုတ်ဆက်ကာ နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များ၊ အာဆီယံရေးရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ပြီးနောက် ဘရူနိုင်းသံအမတ်ကြီးထံ မြန်မာ့ရိုးရာ အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ် ခဲ့ပါသည်။

