မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ International Women’s day အခမ်းအနား၌ ပါဝင်တက်ရောက်(၈-၃-၂၀၂၃ ရက်)

(၈-၃-၂၀၂၃ ရက်၊ ချုံချင့်)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြူနီစီပယ်မြို့၊ နိုင်ငံခြားရေးရာဌာနနှင့် နန်ချွမ်ခရိုင်အစိုးရတို့မှ ကြီးမှူး၍ International Women’s day  အခမ်းအနားကို  ၈-၃-၂၀၂၃ ရက်တွင် ချုံချင့်မြူနီစီပယ်မြို့၊ နန်ချွမ်ခရိုင်ရှိ Liangyu Health Valley ၌ ကျင်းပခဲ့ပါသည်။ 

အဆိုပါအခမ်းအနားသို့  ချုံချင့်မြူနီစီပယ်မြို့၊ နိုင်ငံခြားရေးရာဌာန ညွှန်ကြားရေးမှူးချုပ် Ms. Wang Wen ၊ ချုံချင့်မြူနီစီပယ်မြို့ အမျိုးသမီးရေးရာအဖွဲ့ ဒုတိယဥက္ကဋ္ဌ Ms. Lang Xiaoli ၊  နန်ချွမ်ခရိုင်ပါတီကော်မတီအတွင်းရေးမှူး Mr. Ding Zhongping ၊ နန်ချွမ်ခရိုင်ပါတီ ဒုတိယ အတွင်းရေးမှူး Mr. Shi Chonggang ၊ နန်ချွမ်ခရိုင်ဒုတိယမြို့တော်ဝန် Li Zuemin ၊ ကောင်စစ် ရေးရာဌာန ညွှန်ကြားရေးမှူး Ms. Fan Qing နှင့် ချင့်မြူနီစီပယ်မြို့ နိုင်ငံခြားရေးရာဌာနမှ အမျိုးသမီးသံတမန်များ၊ ချုံချင့်မြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ အမျိုးသမီး ကောင်စစ်ဝန်ချုပ်များ၊ ကောင်စစ်ဝန်ချုပ်များ၏ ဇနီးများ၊ အမျိုးသမီးသံတမန်များ၊ ချုံချင့်မြို့ရှိ နိုင်ငံတကာ အဖွဲ့အစည်းများမှ အမျိုးသမီးဝန်ထမ်းများနှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ပြီး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ အမျိုးသမီး သံတမန်များလည်း ပါဝင်တက်ရောက်ခဲ့ပါသည်။ 

အခမ်းအနားတွင် ချုံချင့်မြူနီစီပယ်မြို့၊ နိုင်ငံခြားရေးရာဌာနမှ ညွှန်ကြားရေးမှူးချုပ် ၊ ချုံချင့် မြူနီစီပယ်မြို့ အမျိုးသမီးရေးရာအဖွဲ့ ဒုတိယဥက္ကဋ္ဌ ၊ နန်ချွမ်ခရိုင် ပါတီကော်မတီအတွင်းရေးမှူး နှင့် ဂျပန်ကောင်စစ်ဝန်ချုပ် တို့က နိုင်ငံတကာအမျိုးသမီးများနေ့ဆိုင်ရာ မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့ကြပါသည်။ ထို့နောက် နန်ချွမ်ခရိုင်ရှိ နန်ချွမ်မြို့ပြဖွံ့ဖြိုးတိုးတက်မှုပြခန်း၊ တရုတ်တိုင်းရင်းဆေး၊ သိပ္ပံနှင့် နည်းပညာဥယျာဉ်တို့သို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြောင်း သိရှိရပါသည်။