ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် အာဆီယံမိသားစုနေ့အခမ်းအနားသို့ မြန်မာသံရုံး၊ ဟနွိုင်းမြို့ ပါဝင်ဆင်နွှဲ

(၁၄-၉-၂၀၂၆၊ ဟနွိုင်း)

ဗီယက်နမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြီးမှူးစီစဉ်သည့် အာဆီယံမိသားစုနေ့အခမ်းအနားအား ၁၂-၉-၂၀၂၆ ရက်တွင် ဟနွိုင်းမြို့ရှိ Swan Lake Ecopark ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံအမတ်ကြီး ဦးဝေလင်းနှင့်ဇနီး၊ သံရုံးဝန်ထမ်းများ ပါဝင်ဆင်နွှဲခဲ့ပါသည်။

အဆိုပါအခမ်းအနားအား ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဗီယက်နမ်နိုင်ငံ၏ အာဆီယံအဆင့်မြင့်အရာရှိကြီး (SOM) ဖြစ်သူ H.E. Mr. Dang Hoang Giang က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ အခမ်းအနားသို့ ဗီယက်နမ်နိုင်ငံအခြေစိုက် အာဆီယံသံအမတ်ကြီးများနှင့်ဇနီးများ၊ သံတမန်ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ Hung Yen ပြည်နယ် ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဌာနမှ ကိုယ်စားလှယ်များနှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပါဝင်တက်ရောက် ဆင်နွှဲခဲ့ပါသည်။

အဆိုပါအခမ်းအနား၌ မြန်မာသံရုံး၊ ဟနွိုင်းမြို့အနေဖြင့် မြန်မာ့ရိုးရာကစားနည်းတစ်ခုဖြစ်သည့် လင်ဗန်းရွက်ပြိုင်ပွဲအား ပါဝင်စီစဉ်ခဲ့ကာ အခမ်းအနားတက်ရောက်လာသူများအား မြန်မာ့ရိုးရာ အစားအစာများဖြစ်သည့် ဆီထမင်းနှင့် လက်ဖက်ရည်တို့ကို မိတ်ဆက်တည်ခင်း ဧည့်ခံခဲ့ပါသည်။