ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်း၊ နှစ်နိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ ဧည့်ခန်းမ၌ သီးသန့်တွေ့ဆုံဆွေးနွေး

ဦးစွာ နိုင်ငံတော်သမ္မတနှစ်ဦးနှင့် ဇနီးတို့သည် သီးသန့်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မည့် အမျိုးသားလွှတ်တော်သို့ အတူတကွ လမ်းလျှောက်ထွက်ခွာကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတနှစ်ဦးတို့သည် နှစ်နိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ ဧည့်ခန်းမ၌ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
*********

#Reference:PPIB