နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နီကာရာဂွါသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး အား လက်ခံတွေ့ဆုံ

(၁၀-၄-၂၀၂၆ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် နိုင်ငံတော်သမ္မတ ကတိသစ္စာပြုခြင်းနှင့် စတင်တာဝန်ထမ်းဆောင်ခြင်းအခမ်းအနားသို့ တက်ရောက်လာသည့် နီကာရာဂွါသမ္မတနိုင်ငံ၊ နိုင်ငံခြား‌ရေးဝန်ကြီး မစ္စတာ ဗေထရက်ခ် ဂျေရက်စခီ အား ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်၊ ညပိုင်းတွင် နေပြည်တော်ရှိ MGallery ဟိုတယ်၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးနှင့် နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။