(၂၆-၉-၂၀၂၅၊ ချုံချင့်)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ချုံချင့်မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးရာဌာန၏ ဖိတ်ကြားချက်အရ ၂၆-၉-၂၀၂၅ ရက်၊ ၁၈:၀၀ နာရီတွင် ချုံချင့်နိုင်ငံခြားရေးရာဌာန၌ ကျင်းပပြုလုပ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း (၇၆) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ချုံချင့်ကော်မတီ၏ ဒုတိယအတွင်းရေးမှူးနှင့် ချုံချင့်မြို့တော်ဝန် Mr. Hu Henghua က အထူးဧည့်သည်တော်အဖြစ်တက်ရောက်ခဲ့ပြီး ချုံချင့်မြို့နှင့် ချန်ဒူးမြို့ အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

