ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး/သံရုံးယာယီတာဝန်ခံ ဦးသန်းထွေးနှင့် မြန်မာသံရုံးမှ ဝန်ထမ်းများ၊ မိသားစုဝင်များသည် ဘဲလ်ဂရိတ်မြို့ရှိ အင်ဒိုနီးရှားကျောင်းသား အသင်းက ဦးဆောင်ကျင်းပသည့် INDOFEST 2026 ပြပွဲရှိ ASEAN Corner တွင် မလေးရှားသံရုံး၊ အင်ဒိုနီးရှားသံရုံးများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် မြန်မာသံရုံးမှ မြန်မာ့ရိုးရာယွန်းထည် လက်မှုပစ္စည်းမျိုးစုံကို ပြသခဲ့ပြီး မြန်မာခရီးသွားမြှင့်တင်ရေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပါသည်။ ထူးခြား သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် သနပ်ခါးယဉ်ကျေးမှုကို ဧည့်သည်တော်များ အား သရုပ်ပြမိတ်ဆက်ပေးခဲ့ပြီး လက်ဖက်သုပ်ဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။



