(၂၃-၃-၂၀၂၃ ရက်၊ ကင်ဘာရာ)
ဩစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ ဦးသက်ထွန်းသည် ၂၃-၃-၂၀၂၃ ရက်၌ ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာ ကော်မတီ (ASEAN Committee in Canberra-ACC) မှ အာဆီယံသံရုံးအကြီးအကဲများက ဩစတြေးလျနိုင်ငံ၊ လွှတ်တော်တွင်း အတိုက်အခံ Liberal Party ၏ ခေါင်းဆောင်နှင့် Shadow Foreign Minister ဖြစ်သူ Senator the Hon Simon Birmingham အား ကင်ဘာရာမြို့ရှိ ဩစတြေးလျလွှတ်တော်၌ သွားရောက်တွေ့ဆုံရာတွင် အတူလိုက်ပါတက်ရောက်ခဲ့ပါသည်။
တွေ့ဆုံပွဲ၌ Senator the Hon. Simon Birmingham နှင့် အာဆီယံသံရုံးအကြီးအကဲများသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အကျပ်အတည်းများကို အတူတကွ ဖြေရှင်းရေး၊ ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများ ပိုမိုတည်ငြိမ်ခိုင်မာလာစေရေး၊ ပညာရေး၊ စွမ်းအင်လုံခြုံမှုနှင့် အစားအသောက်လုံခြုံမှု ကဏ္ဍရပ်များ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားရေးနှင့် ဩစတြေးလျ-အာဆီယံအကြား ရှိရင်းစွဲ ဆက်ဆံရေးအား ပိုမိုခိုင်မာတိုးတက်စေရန် ဆောင်ရွက်သွားနိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

