Russia – Myanmar : Strategies for Cooperation; Conference dedicated to the 75th Anniversary of Russia and Myanmar Diplomatic Relations သို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တို့ ပါဝင်တက်ရောက်(၂၄-၄-၂၀၂၃ ရက်)

(၂၄-၄-၂၀၂၃ ရက်၊ မော်စကို)

မော်စကိုမြို့နှင့် စိန့်ပီတာစဘတ်မြို့တို့တွင် ၂၂-၄-၂၀၂၃ ရက်မှ ၂၉-၄-၂၀၂၃ ရက်အထိ ကျင်းပလျက်ရှိသည့် Russia-Myanmar : Strategies for Cooperation ၏ အစီအစဉ်များအနက် တစ်ခုဖြစ်သည့် Conference dedicated to the 75th Anniversary of Russia and Myanmar Diplomatic Relations ဆွေးနွေးပွဲကို ၂၄-၄-၂၀၂၃ ရက်၊ နံနက် (၁၀) နာရီတွင် Moscow State Institute of International Relations (University) of the Ministry of Foreign Affairs of the Russian Federation (MGIMO) ၌ ကျင်းပခဲ့ရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦး တို့မှ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲ မစတင်မီ  မြန်မာသံအမတ်ကြီးသည် MGIMO တက္ကသိုလ် ပါမောက္ခချုပ် Mr. Anatoly Torkunov နှင့် နှစ်နိုင်ငံပညာရေးကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထို့နောက် ဆွေးနွေးပွဲကို စတင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်၊ မြန်မာသံအမတ်ကြီး ဦးလွင်ဦး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Nikolay Listopadov နှင့် MGIMO တက္ကသိုလ်မှ နိုင်ငံတကာရေးရာ ဒုတိယပါမောက္ခချုပ် Dr. Stanislav Surovtsev တို့က online နှင့် in-person ကြိုဆိုနှုတ်ခွန်းဆက်စကားများ အသီးသီး ပြောကြားခဲ့ကြပါသည်။

ယင်းနောက် ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားကိုယ်စားလှယ်အဖွဲ့များမှ Russia-Myanmar relations in the global context နှင့် Traditional and Emerging Areas of Russia-Myanmar Cooperation: Public Diplomacy, Education, IT, Business စသည့် ခေါင်းစဉ် နှစ်ခုအား ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲသို့ သံအမတ်ကြီး ဦးလွင်ဦး နှင့် သံရုံးဝန်ထမ်းများ၊ စစ်သံမှူး ဗိုလ်မှူးချုပ်မိုးကျော် နှင့် စစ်သံရုံးဝန်ထမ်းများ၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်းမှ ပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ကြပြီး၊ ရုရှားနိုင်ငံဘက်မှ MGIMO တက္ကသိုလ် နိုင်ငံတကာရေးရာ ဒုတိယပါမောက္ခချုပ် Dr. Stanislav Surovtsev ဦးဆောင်၍ MGIMO တက္ကသိုလ်၊ ASEAN Centre ၊ Peoples’ Friendship တက္ကသိုလ်၊ ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း၊ Escape Tech LLC၊ Rosatom Technical Academy ၊ ရုရှား-အာဆီယံ စီးပွားရေးကောင်စီနှင့် ရုရှားဖယ်ဒရယ်သုတေသနဌာနမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။