နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အသစ်ခန့်အပ်လိုက်သည့် အရာထမ်းငယ်များအတွက် သံတမန်ရေးရာသင်တန်း အမှတ်စဉ် (၉) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အသစ်ခန့်အပ်လိုက်သည့် အရာထမ်းငယ်များအတွက် သံတမန်ရေးရာသင်တန်း အမှတ်စဉ် (၉) ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက် (သောကြာနေ့)၊ နံနက် (၁၀:၀၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်) ရှိ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော် တက်ရောက်၍ သင်တန်းဆင်းမိန့်ခွန်း ပြောကြားခဲ့သည်။


သင်တန်းဆင်းပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်၊ Naypyitaw State Academy မှ ပါမောက္ခချုပ်နှင့် ပါမောက္ခ/ဌာနမှူးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/ သင်တန်းသူ (၂၉)ဦး တက်ရောက်ခဲ့ကြသည်။


အဆိုပါသင်တန်းကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်နှင့် ရန်ကုန်မြို့တို့၌ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့မှ နိုဝင်ဘာလ ၆ ရက်နေ့အထိ စုစုပေါင်း ရက်သတ္တ (၁၁) ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့သည်။ သင်တန်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီး၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ သံတမန်ရေးရာဘာသာရပ်များ၊ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ၊ အာဆီယံရေးရာများ၊ ကောင်စစ်ရေးရာများ၊ နိုင်ငံတကာဥပဒေဘာသာရပ်များနှင့် လုပ်ငန်းခွင်နှင့် ဆက်စပ်သည့် ကျွမ်းကျင်မှုများကို စာတွေ့/လက်တွေ့ သင်ကြားပို့ချခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်