(၃၁-၁၀-၂၀၂၆၊ ပရာ့ဂ်)
မြန်မာသံရုံး၊ ပရာ့ဂ်မြို့ သံရုံးယာယီတာဝန်ခံ ဒေါ်ဖြိုးသူဇာအောင်သည် ၃၀-၁၀-၂၀၂၆ ရက် (သောကြာနေ့) နံနက် ၁၀:၀၀ နာရီတွင် ချက်သမ္မတနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး H.E. Mr. Kansuke Nagaoka အားလည်းကောင်း၊ မွန်းလွဲ ၁၄:၀၀ နာရီ အချိန်တွင် ပါကစ္စတန် သံအမတ်ကြီး H.E. Mr. Shehryar Akbar Khan အားလည်းကောင်း သွားရောက်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကိစ္စများ၊ ချက်သမ္မတနိုင်ငံဆိုင်ရာ သံတမန်ဓလေ့ထုံးတမ်းများနှင့် ရှေ့ဆက် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးဖလှယ်ခဲ့ပါသည်။ သံရုံးယာယီတာဝန်ခံသည် ၂၉-၁၀-၂၀၂၆ ရက်နေ့တွင် အဆောက်အအုံတစ်ခုအတွင်း အတူတကွ ရုံးစိုက်ထားကြသည့် အိမ်နီးချင်းသံရုံးဖြစ်သည့် ဆိုက်ပရပ်စ်သံရုံးမှ သံအမတ်ကြီး H.E. Mrs. Aliki Pascali ကိုလည်း သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။



