(၃၁-၁၀-၂၀၂၆၊ ပရာ့ဂ်)
မြန်မာသံရုံး၊ ပရာ့ဂ်မြို့ သံရုံးယာယီတာဝန်ခံ ဒေါဖြိုးသူဇာအောင်သည် ၃၀-၁၀-၂၀၂၆ ရက် (သောကြာနေ့) နံနက် ၁၀း၀၀ နာရီတွင် ချက်သမ္မတနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး H.E. Mr. Kansuke Nagaoka အားလည်းကောင်း၊ မွန်းလွဲ ၁၄၀၀ နာရီ အချိန်တွင် ပါကစ္စတန် သံအမတ်ကြီး H.E. Mr. Shehryar Akbar Khan အားလည်းကောင်း သွားရောက်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကိစ္စများ၊ ချက်သမ္မတနိုင်ငံဆိုင်ရာ သံတမန်ဓလေ့ထုံးတမ်းများနှင့် ရှေ့ဆက် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးဖလှယ်ခဲ့ပါသည်။ သံရုံးယာယီတာဝန်ခံသည် ၂၉-၁၀-၂၀၂၆ ရက်နေ့တွင် အဆောက်အအုံတစ်ခုအတွင်း အတူတကွ ရုံးစိုက်ထားကြသည့် အိမ်နီးချင်းသံရုံးဖြစ်သည့် ဆိုက်ပရပ်စ်သံရုံးမှ သံအမတ်ကြီး H.E. Mrs. Aliki Pascali ကိုလည်း သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။



