မြန်မာသံရုံး၊ ဖနောင်ပင်မြိုရှိ သံအမတ်ကြီးက ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ လက်ထောက်ဝန်ကြီးအား သွားရောက်တွေ့ဆုံ

(၃၀-၁၀-၂၀၂၆၊ ဖနောင်ပင်)

မြန်မာသံရုံး၊ ဖနောင်ပင်မြို့မှ သံအမတ်ကြီး ဦးကျော်စိုးမင်းသည် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ လက်ထောက်ဝန်ကြီး H.E. Mr. Yeap Samnang အား ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့၊ နံနက် ၁၀၀၀ နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။


ထိုသိုတွေ့ဆုံရာတွင် အာဆီယံထုတ်ပြန်ချက် (၅) ရပ်နှင့် ပတ်သက်၍ မြန်မာအစိုးရ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား နှစ်နိုင်ငံချင်းနှင့် အာဆီယံမူဘောင်အောက်မှ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။