(၁၉-၈-၂၀၂၆၊ မာနာဂွါ)
နီကာရာဂွါသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးထွန်းအောင်ကျော်သည် ၁၉-၈-၂၀၂၆ ရက်၊ နေ့လယ် ၁၁:၀၀ နာရီချိန်တွင် မာနာဂွါမြို့ရှိ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးသို့ သွားရောက်၍ နီကာရာဂွါသမ္မတနိုင်ငံဆိုင်ရာ၊ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Mikhail Ledenyov အား သွားရောက်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်နေမှုအခြေအနေများကို ဆွေးနွေးခဲ့ပြီး နီကာရာဂွါနိုင်ငံတွင် နှစ်နိုင်ငံသံရုံးအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။

