(၄-၉-၂၀၂၄ ရက်၊ ကတ္တမန္ဒူး)
နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၄-၉-၂၀၂၄ ရက်တွင် နီပေါနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး His Excellency Mr. Chen Song အား ကတ္တမန္ဒူးမြို့အခြေစိုက် တရုတ်သံရုံး၌ သွားရောက်တွေ့ဆုံခဲ့ရာ မြန်မာ – တရုတ် နှစ်နိုင်ငံကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမိုမြှင့်တင်နိုင်ရေးနှင့် ကဏ္ဍစုံတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။



