(၃-၉-၂၀၂၄ ရက်၊ နန်နင်း)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နန်နင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းသည် ၃-၉-၂၀၂၄ ရက်နေ့တွင် ကွမ်ရှီးဒေသ၊ နန်နင်းမြို့၌ ပြုလုပ်သော “တိုင်းရင်းဆေးဆိုင်ရာ စည်းမျဉ်းနှင့် စံနှုန်း များ သတ်မှတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်၊
ဖွင့်ပွဲအခမ်းအနားသို့ တရုတ်အမျိုးသားဆေးဝါးကွပ်ကဲမှုအဖွဲ့၊ သိပ္ပံ၊ နည်းပညာနှင့် နိုင်ငံ တကာပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. He Li၊ ကွမ်ရှီးဒေသ အစိုးရရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Cai Zhenjun၊ မကာအိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆေးဝါးကွပ်ကဲမှုဗျူရိုမှ ညွှန်ကြားရေးမှူး Dr. Peng Cheong Choi၊ ကွမ်ရှီးဒေသဆေးဝါး ကွပ်ကဲမှုအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Wei Guanghui နှင့် နန်နင်းမြို့အခြေစိုက် အာဆီယံကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ကောင်စစ်ဝန်များနှင့် အာဆီယံနိုင်ငံ များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးဦးစီး ဌာနမှ ကိုယ်စားလှယ် (၂)ဦး ပါဝင်တက်ရောက်လျက်ရှိပြီး အာဆီယံနှင့် တရုတ်နိုင်ငံတို့၏ တိုင်းရင်းဆေးကွပ်ကဲမှုဆိုင်ရာ မူဝါဒများ၊ ဆေးဖက်ဝင်အပင်များကို သုတေသနပြုမှုနှင့် အရည် အသွေး ထိန်းချုပ်မှု၊ နိုင်ငံတကာစံနှုန်းများနှင့် လိုက်လျောညီထွေရှိမှုစသည်တို့ကို ဆွေးနွေး ဖလှယ်မှုများ ပြုလုပ်မည်ဖြစ်ပါသည်။


