(၃-၉-၂၀၂၄ ရက်၊ ပရာ့ဂ်မြို့)
အာဆီယံ-ပရာ့ဂ်ကော်မတီမှ ကြီးမှူး၍ အာဆီယံအပေါင်း ရုပ်ရှင်ပွဲတော် ၂၀၂၄ ဖွင့်ပွဲ အခမ်းအနားအား ၂-၉-၂၀၂၄ ရက်နေ့ ညနေ ၁၈၃၀ နာရီအချိန်တွင် ပရာ့ဂ်မြို့ရှိ မြူနီစပယ် စာကြည့်တိုက်၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် ဖိတ်ကြားထားသည့် အထူးဧည့်သည်တော် ဖြစ်သူ ချက်သမ္မတနိုင်ငံ၊ ပညာရေး၊လူငယ်နှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Prof. Jaroslav Miller က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ အခမ်းအနားသို့ ပရာ့ဂ်မြို့ရှိ အာဆီယံ နိုင်ငံများ၏ သံအမတ်ကြီးများ၊ အာဆီယံဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ သံအမတ်ကြီးများနှင့်အတူ ချက်သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဒေါက်တာထွန်းနောင် ပါဝင်တက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။ ရုပ်ရှင်ပွဲတော်အတွင်း အာဆီယံအပေါင်းနိုင်ငံများမှ ရုပ်ရှင်ကားများကို ပရာ့ဂ်မြူနီစပယ်စာကြည့်တိုက်ရှိ ရုပ်ရှင်ရုံများတွင် စက်တင်ဘာလ ၂ ရက်နေ့မှ ၉ ရက်နေ့အထိ ပြသသွားမည်ဖြစ်ပြီး မြန်မာရုပ်ရှင်ဇတ်ကား ၃(က)အားလည်း ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။



