(၂၇-၉-၂၀၂၃ ရက်၊ ဗီယင်ကျန်း)
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရ မြန်မာသံအမတ်ကြီး ဦးမြတ်သက်ဦးသည် ဗီယင်ကျန်းမြို့၊ တရုတ်သံရုံးက ၂၆-၉-၂၀၂၃ ရက်၊ (၁၈၀၀) နာရီ၌ Landmark Mekong Riverside Hotel တွင် ကျင်းပခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် (၇၄) နှစ်မြောက်ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါဧည့်ခံပွဲအခမ်းအနားသို့ လာအိုနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Chansamone Chanyalath နှင့် ဒုတိယဝန်ကြီးချုပ် Mr. Kikeo Khaykhamphithoune တို့က ဂုဏ်ထူးဆောင်ဧည့်သည်များအဖြစ် တက်ရောက်ခဲ့ပြီး၊ လာအိုနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mr. Phoxay Khaykhamphithoune အပါအဝင် ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ ဗီယင်ကျန်းမြို့အခြေစိုက်သံရုံးများမှ သံတမန်များနှင့် အခြားဖိတ်ကြားထားသောဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။



