(၈-၂-၂၀၂၃ ရက်၊ မနီလာ)
ဖိလစ်ပိုင်နိုင်ငံ၊ ပညာရေးဝန်ကြီးဌာနမှ ကြီးမှူး၍ မနီလာမြို့တွင် ၈-၂-၂၀၂၃ ရက်နေ့မှ ၁၀-၂-၂၀၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိသော (၅၂) ကြိမ်မြောက် SEAMEC SEAMEO Council Conference သို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်စား မြန်မာသံရုံး၊ မနီလာမြို့မှ သံရုံးယာယီတာဝန်ခံ ဦးစန်းယုကျော် ပါဝင် တက်ရောက်ဆွေးနွေးခဲ့ပါသည်။ အဆိုပါ အစည်းအဝေး၏ ဖွင့်ပွဲအခမ်းအနားကို ၈-၂-၂၀၂၃ ရက်နေ့၊ (၁၄:၃၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ သမ္မတ H.E. Ferdinand R Marcos Jr. မှ ပေးပို့သည့် အဖွင့်မိန့်ခွန်းဗီဒီယိုကို ဖွင့်လှစ်ပြသပြီး၊ ဒုတိယသမ္မတနှင့် ပညာရေးဝန်ကြီး H.E. Sara Zimmerman Duterte က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် SEAMEO Council ဥက္ကဋ္ဌ နှင့် စင်ကာပူပညာရေးဝန်ကြီး H.E. Chan Chun Sing နှင့် SEAMEO အတွင်းရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူးDr. Ethel Agnes Pascua Valenzuela တို့က အဖွင့်မိန့်ခွန်းများ ပြောကြားခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ SEAMEO အဖွဲ့ဝင်နိုင်ငံများဖြစ်သော ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ တီမောလက်စ်တေနှင့် ဗီယက်နမ်နိုင်ငံတို့မှ ပညာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကိုယ်စားလှယ်များနှင့် SEAMEO အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။



