(၄-၁-၂၀၂၄ ရက်၊ ပရာ့ဂ်)
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာသံရုံး၊ ပရာ့ဂ်မြို့မှ သံရုံးယာယီတာဝန်ခံ ဒေါက်တာထွန်းနောင်သည် ချက်သမ္မတနိုင်ငံ၊ ပရာ့ဂ်မြို့ရှိ Business Academy of Prague တွင် တက်ရောက်သင်ကြားလျက်ရှိသည့် ကျောင်းသား/သူများအား “မြန်မာနိုင်ငံ၏ သမိုင်းဝင်နေရာများနှင့် သဘာဝအလှတရားများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပို့ချခဲ့ပါသည်။
အဆိုပါဆွေးနွေးပို့ချမှု အစီအစဉ်သို့ Business Academy of Prague မှ ဥပဒေ၊ သမိုင်းနှင့် ပထဝီဝင်ဘာသာပြဆရာ Mr. Zdenek Eska နှင့် ကျောင်းသား/သူ(၂၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပို့ချချက်အပေါ် သိရှိလိုသည့် မေးမြန်းချက်များအား မြန်မာသံရုံး ယာယီတာဝန်ခံမှ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပို့ချမှု အစီအစဉ်အပြီးတွင် မြန်မာသံရုံးမှ မြန်မာ့ရိုးရာအစားအစာဖြစ်သည့် မြန်မာ့လက်ဖက်သုပ်၊ လက်ဖက်ရည်တို့ဖြင့် ဧည့်ခံခဲ့ပါသည်။
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခါသမယတွင် ချက်နိုင်ငံရှိ ကျောင်းသား/သူများအကြား မြန်မာနိုင်ငံအကြောင်း ပိုမိုသိရှိနားလည်စေရန် နှင့် နှစ်နိုင်ငံပြည်သူအချင်းအချင်း နွေးထွေးသောဆက်ဆံရေး တိုးမြှင့်နိုင်ရန်အတွက် သံရုံးမှ ဆောင်ရွက်လျက်ရှိသည့် Public Diplomacy ဆိုင်ရာ လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။


