အီရန်နိုင်ငံ၏ (၄၆) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့သို့ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဦး တက်ရောက် (၁၀-၂-၂၀၂၅ ရက်)

(၁၀-၂-၂၀၂၅ ရက်၊ နယူးဒေလီ)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အီရန်သံအမတ်ကြီး၏ ဖိတ်ကြားချက်အရ ၁၀-၂-၂၀၂၅ ရက်နေ့၊ ၁၉၀၀ နာရီတွင် ရှန်ဂရီလာဟိုတယ်၌ကျင်းပသော အီရန်အစ္စလာမ္မစ်နိုင်ငံ၏(၄၆)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့သို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ နယူးဒေလီမြို့အခြေစိုက် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများနှင့် နိုင်ငံတကာသံရုံးများမှ သံရုံးအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး၊ အိန္ဒိယနိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးဌာန Secretary (East)က အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။