အာဆီယံ-ဗီယင်နာကော်မတီ၏ ချစ်ကြည်ရေးဘိုးလင်းကစားပွဲတွင် မြန်မာသံရုံး/အဖွဲ့ရုံးမှ ပါဝင်ဆင်နွှဲ (၁၇-၆-၂၀၂၃ ရက်)

(၁၇-၆-၂၀၂၃ ရက်၊ ဗီယင်နာ)

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ အခြေစိုက် အာဆီယံနိုင်ငံသံရုံး/ အဖွဲ့ရုံးများ၏ ASEAN Sports Event အဖြစ် ချစ်ကြည်ရေးဘိုးလင်းကစားပွဲကို အာဆီယံ-ဗီယင်နာကော်မတီ အလှည့်ကျဥက္ကဋ္ဌ ထိုင်းသံရုံး/အဖွဲ့ရုံးက ကြီးမှူးလျက် ၁၆-၆-၂၀၂၃ ရက်တွင် Phoenix Bowling Park ၌ ကျင်းပခဲ့ရာ သံအမတ်ကြီး ဦးမင်းသိမ်း ဦးဆောင်သော မြန်မာသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး ဝန်ထမ်းများနှင့် မိသားစုများ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရပါသည်။