မနီလာမြို့၊ Colombo Plan Staff College မှ ကြီးမှူးကျင်းပသော Research Methodology for TVET Leaders and Teachers သင်တန်းဖွင့်ပွဲတွင် မြန်မာသံရုံး ယာယီတာဝန်ခံက အဖွင့်အမှာစကားပြောကြား (၁၉-၆-၂၀၂၃ ရက်)

(၁၉-၆-၂၀၂၃ ရက်၊ မနီလာ)

ဖိလစ်ပိုင်နိုင်ငံအခြေစိုက် Colombo Plan Staff College (CPSC) မှ ကြီးမှူးကျင်းပသော  မြန်မာနိုင်ငံအတွက် သီးသန့်သင်တန်း – “Research Methodology for TVET Leaders and Teachers” ဖွင့်ပွဲအခမ်းအနားကို ၁၉-၆-၂၀၂၃ ရက်၊ ဒေသစံတော်ချိန် (၁၀:၃၀) နာရီတွင် အွန်လိုင်းမှတစ်ဆင့်ပြုလုပ်ခဲ့ရာ မြန်မာသံရုံး၊ မနီလာမြို့မှ သံရုံးယာယီတာဝန်ခံ ဦးစန်းယုကျော် ပါဝင်တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ 

အဆိုပါ သင်တန်းအား မြန်မာနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစိုးရနည်းပညာသိပ္ပံကျောင်းများမှ နည်းပြဆရာ၊ ဆရာမများအတွက် သုတေသနဆောင်ရွက်ခြင်းဆိုင်ရာ အသိပညာ ဗဟုသုတများနှင့် နည်းစနစ်များ ကျွမ်းကျင်တတ်မြောက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး၊ ၁၉-၆-၂၀၂၃ ရက်မှ ၂၃-၆-၂၀၂၃ ရက်အထိ အွန်လိုင်းမှတစ်ဆင့် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။