အာဆီယံရိုးရာအစားအစာများ ပြင်ဆင်တင်ဆက်ခြင်း အစီအစဉ်ကို အာဆီယံ-ပရာ့ဂ် ကော်မတီမှ ကြီးမှူးကျင်းပ(၁၆-၅-၂၀၂၄ ရက်)

(၁၆-၅-၂၀၂၄ ရက်၊ ပရာ့ဂ်)

အာဆီယံ-ပရာ့ဂ်ကော်မတီမှ ကြီးမှူး၍ အာဆီယံရိုးရာအစားအစာများ ပြင်ဆင် တင်ဆက်ခြင်း အစီအစဉ်ကို ပရာ့ဂ်မြို့ရှိ Chef Parade အချက်အပြုတ်သင်တန်းကျောင်း၌ ၂၀၂၄ ခုနှစ်၊ မေလ ၁၆ ရက်တွင် ပြုလုပ်ခဲ့ရာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် စသည့် အာဆီယံသံရုံးများမှ သင်ကြားပြသသူများက အာဆီယံ အစားအစာများ ပြင်ဆင်ခြင်းနှင့် ချက်ပြုတ်ခြင်း တို့ကို အသီးသီး တင်ဆက်ပြသခဲ့ကြသည်။ အချက်အပြုတ်သင်တန်းသို့ ချက်နိုင်ငံသားများနှင့် ပရာ့ဂ်မြို့အခြေစိုက် သံရုံးများမှ မိသားစုဝင်များ တက်ရောက်သင်ယူခဲ့ကြပြီး အာဆီယံအချိုပွဲများ ခေါင်းစဉ်အောက်တွင် မြန်မာသံရုံး၊ ပရာ့ဂ်မြို့မှ “ရွှေထမင်း” ပြုလုပ်ပြင်ဆင်မှုကို ပါဝင်တင်ဆက်ခဲ့ကြောင်း သိရှိရသည်။

*************************