(၂-၃-၂၀၂၃ ရက်၊ ဝါရှင်တန်)
အာဆီယံကော်မတီဝါရှင်တန် (ASEAN Committee in Washington – ACW) ၏ လှုပ်ရှားမှုအဖြစ် ကော်မတီအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းဒါရူဆလမ်သံအမတ်ကြီး H.E. Dato Serbini Ali က ဦးဆောင်လျက် အမေရိကန်ဆီးနိတ်လွှတ်တော်၊ နိုင်ငံခြားဆက်ဆံရေး ကော်မတီဝင်များ ဖြစ်ကြသော လွှတ်တော်အမတ် The Hon’ble Tammy Duckworth နှင့် လွှတ်တော်အမတ် The Hon’ble Christopher Van Hollen Jr. တို့အား အလုပ်သဘောညစာစားပွဲဖြင့် ၁-၃-၂၀၂၃ ရက်၊ ညပိုင်းက တည်ခင်းဧည်ခံသည့် အစီအစဉ်သို့ မြန်မာသံရုံး ယာယီတာဝန်ခံ ဦးသက်ဝင်းသည် အခြားအာဆီယံသံရုံးအကြီးအကဲများ၊ ကိုယ်စားလှယ်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါ အလုပ်သဘောညစာစားပွဲတွင် အာဆီယံ-အမေရိကန် ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စတင်ထူထောင်ခဲ့သည့် နောက်ပိုင်း နှစ်ဖက်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များ၊ ဒေသတွင်းဖြစ်ပေါ်တိုးတက်မှုများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

