အရှေ့အလယ်ပိုင်းဒေသတွင် လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သဘောထားအမြင်

အရှေ့အလယ်ပိုင်းဒေသတွင် လတ်တလောဖြစ်ပေါ်လာသည့် တိုက်ခိုက်မှုများအတွက် မြန်မာနိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်မိပါကြောင်း၊ ယခုဖြစ်ပွားလျက်ရှိသည့်ပဋိပက္ခများအား အနီးကပ်လေ့လာစောင့်ကြည့်လျက်ရှိပြီး ပဋိပက္ခပိုမိုကြီးထွားလာမှုမဖြစ်စေရေးနှင့် လက်ရှိဖြစ်ပွားနေဆဲတင်းမာမှုများကို လျှော့ချရေးတို့အတွက် သက်ဆိုင်ရာနှစ်ဖက်အဖွဲ့အစည်းများအကြား ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန်နှင့် ငြိမ်းချမ်းစွာဖြေရှင်းဆောင်ရွက်သွားရန် တိုက်တွန်းပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်