(၉-၁၀-၂၀၂၃ ရက်၊ ဗီယင်ကျန်း)
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြတ်သက်ဦးသည် ဗီယင်ကျန်းမြို့ရှိ Lao Plaza Hotel တွင် ၉-၁၀-၂၀၂၃ ရက်နေ့၊ (၁၈၃၀) နာရီ၌ ကျင်းပပြုလုပ်ခဲ့သည့် အင်ဒိုနီးရှားသမ္မတနိုင်ငံ၏ (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့ ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ လာအိုနိုင်ငံ၊ သယံဇာတနှင့်ပတ်ဝန်းကျင်ဝန်ကြီးဌာန၊ ဝန်ကြီး Ms. Bounkham Vorachit နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Thongphane Savanphet တို့က ဂုဏ်ထူးဆောင်ဧည့်သည်တော်များအဖြစ် တက်ရောက်ခဲ့ကြပြီး အစိုးရဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဗီယင်ကျန်းမြို့အခြေစိုက်သံရုံးများမှ သံတမန်များ၊ စစ်သံမှူးများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။



