ရက်စွဲ၊ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်
နီပေါနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးသန့်စင်သည် ၎င်း၏ ခန့်အပ်လွှာကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နီပေါနိုင်ငံ သမ္မတအိမ်တော် Rastrapati Bhawan Maharajgunj ၌ နီပေါနိုင်ငံ သမ္မတ မစ္စတာ ရမ်ချန်ဒရာ ပေါ်ဒဲလ် ထံသို့ ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်

