သံအမတ်ကြီးက ဘရူနိုင်းဒါရူဆလမ်နိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများအား သီးခြားစီ မိတ်ဆက်ဂါရဝပြု သွားရောက်တွေ့ဆုံ

(၁၆-၉-၂၀၂၆၊ ဘန်ဒါဆရီဘီဂါဝန်)

ဘရူနိုင်းဒါရူဆလမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးသက်နောင်သည် ဘရူနိုင်း နိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံ သံအမတ်ကြီးများဖြစ်သည့် စင်ကာပူသံအမတ်ကြီး Yip Wei Kiat၊ မလေးရှားသံအမတ်ကြီး Datuk Mohd Aini Atan၊ တီမောလက်စ်တေသံအမတ်ကြီး Abel Guterress နှင့် လာအိုသံအမတ်ကြီး Heuankeo Sangsomsak တို့ကို စက်တင်ဘာလ ၈ ရက်မှ ၁၆ ရက်အတွင်း သီးခြားစီ မိတ်ဆက်ဂါရဝပြု သွားရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် အာဆီယံသံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။