သံရုံးယာယီတာဝန်ခံက အမေရိကန်-အာဆီယံစင်တာမှ တာဝန်ရှိသူနှင့် တွေ့ဆုံဆွေးနွေး (၁-၃-၂၀၂၅ ရက်)

(၁-၃-၂၀၂၅ ရက်၊ ဝါရှင်တန်)

မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ဦးသက်ဝင်းသည် ၂၆-၂-၂၀၂၅ ရက် နံနက်ပိုင်းတွင် မြန်မာသံရုံး၌ အမေရိကန်-အာဆီယံစင်တာ၏ ညွှန်ကြားရေးမှူး Ms. Anh Hoang အား လက်ခံတွေ့ဆုံ၍ မြန်မာနိုင်ငံက အာဆီယံ လုပ်ငန်းစဉ်များ၌ ပါဝင်ဆောင်ရွက်နေမှုများ၊ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှု၊ စင်တာနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့်လုပ်ငန်းများ၊ စင်တာက ဆောင်ရွက်သွားမည့် အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်နိုင်မှု၊ စင်တာဖွဲ့စည်းပုံနှင့် ယန္တရားလည်ပတ်မှုတို့ကို ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြောင်း သိရှိရပါသည်။

**********************