(၂၂-၈-၂၀၂၃ ရက်၊ ချုံချင့်)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ယာယီတာဝန်ခံ ဒေါ်နီတာမြင့်သည် ၂၀-၈-၂၀၂၃ ရက်တွင် ချုံချင့်မြူနီစီပယ်မြို့ South West University ၌ ကျင်းပသည့် လန်ချန်း-မဲခေါင်နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော်ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဆင့်မြင့်အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါ အဆင့်မြင့်အလုပ်ရုံဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကော်မရှင်နှင့် ချုံချင့်မြူနီစီပယ်အစိုးရတို့မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး၊ Online နှင့် Offline ပုံစံ (၂) မျိုးဖြင့် တစ်လကြာ ဆွေးနွေးသင်ကြားသွားမည်ဖြစ်ကြောင်းနှင့် မဲခေါင်နိုင်ငံများဖြစ်သည့် မြန်မာနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနနှင့် ခရီးသွားလုပ်ငန်းအဖွဲ့များမှ အလယ်အလတ်နှင့် အဆင့်မြင့်အရာထမ်း (၁၉) ဦး ပါဝင်တက်ရောက်ကြကြောင်း သိရှိရပါသည်။


